back

ချောက်မြို့နယ် ဂွေးချိုရွာအနီးတွင် နာနိုနည်းပညာအသုံးပြု၍ ရေနံတူးမည်

Feb 18 • 7:09 AM

breaking-news

Myanmar

Local

breaking-news
cover

ချောက်မြို့နယ် ဂွေးချိုရွာအနီးတွင် နာနိုနည်းပညာအသုံးပြု၍ ရေနံတူးမည်

ချောက်မြို့နယ် ဂွေးချိုရွာအနီးမှာ နာနိုနည်းပညာအသုံးပြုပြီး ရေနံတူးဖော်ထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုး...

ချောက်မြို့နယ် ဂွေးချိုရွာအနီးမှာ နာနိုနည်းပညာအသုံးပြုပြီး ရေနံတူးဖော်ထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။မြေဧရိယာ ၄၉၆.၅၅၇ ဧကပေါ်မှာ တူးဖော်ထုတ်လုပ်သွားမှာဖြစ်ပြီး နာနိုနည်းပညာအသုံးပြုတာကြောင့် ရေနံထုတ်လုပ်မှု တိုးတက်ပြီး စီးပွားရေးအရ တွက်ခြေကိုက်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၆ ရက်အစည်းအဝေးမှာ ပြောပါတယ်။အကျိုးအမြတ်များတဲ့ ရေနံမြေသိုက်အသစ်တွေ တူးဖော်ခြင်းနဲ့ ရေနံသိုက်ဟောင်းတွေရဲ့ ထုတ်လုပ်မှုမြှင့်တင်ခြင်းကြောင့် နိုင်ငံတော်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုထားပါတယ်။

news-view-count-icon

52