၂၀၂၉ ရောက်ရင် ဂျာမနီရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံပေါင်း ထက်တောင် ပိုများ လိမ့်မယ်လို့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် Mark Rutte က ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဂျာမဏီက သုံးစွဲမဲ့ ယူရို ၁၅၀ ဘီလီယံဆိုတာ တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ ပမာဏ ဖြစ်ပါတယ်။ အမေရိကန်ကလည်း သတိပြုမိသလို အသိအမှတ်ပြုပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်နယ် ထရမ့်ဟာ ဥရောပအနေနဲ့ ကိုယ့်လုံခြုံရေးကို ပိုတာဝန်ယူဖို့ တောင်းဆိုတဲ့ ပထမဆုံး အမေရိကန်သမ္မတ မဟုတ် ပေမဲ့ သူ့ရဲ့ လေသံကတော့ အရင် သမ္မတတွေထက်စာရင် ပိုပြီးခြိမ်းခြောက်တဲ့ပုံစံ ပေါက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်လာသူတွေ အမျှော်လင့်ဆုံးနဲ့ အစိုးရိမ်ဆုံးဖြစ်ရတဲ့ မိန့်ခွန်းကတော့ ထရမ့်အစိုးရကို ကိုယ်စားပြုတက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ အဲ့ဒါကတော့ ဒုတိယကမ္ဘာစစ်ပြီးကတည်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ အတွင်းမှာ ဥရောပ-အမေရိကန် ဆက်ဆံရေး ဟာ အခုလောက်ထိ မပြိုကွဲခဲ့ဖူးဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။



