back

အမြင့်ဆုံး ဆုကြေးငွေ ကျပ်(၁၀) သိန်းအထိ ချီးမြှင့်သွားမည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲ ကျင်းပမယ်

Feb 18 • 5:32 AM

breaking-news

Myanmar

Local

breaking-news
cover

အမြင့်ဆုံး ဆုကြေးငွေ ကျပ်(၁၀) သိန်းအထိ ချီးမြှင့်သွားမည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲ ကျင်းပမယ်

အမြင့်ဆုံး ဆုကြေးငွေ ကျပ်(၁၀) သိန်းအထိ ချီးမြှင့်သွားမည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြ...

အမြင့်ဆုံး ဆုကြေးငွေ ကျပ်(၁၀) သိန်းအထိ ချီးမြှင့်သွားမည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာ ပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၆,၀၀၀ ကျော်ပါဝင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပြီး အာကာသသိပ္ပံနဲ့ နည်းပညာတွေကို စိတ်ဝင်စားတဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ မူလတန်းအဆင့်အတွက် "အာကာသသူရဲကောင်း"၊ အလယ်တန်းအဆင့်အတွက် "စူးစမ်းလေ့လာ အာကာသကမ္ဘာ"နဲ့ အထက်တန်းအဆင့်အတွက် "အနာဂတ် အာကာသနည်းပညာ" စတဲ့ ခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်လို့လည်း အာကာသပြတိုက်(ရန်ကုန်)မှ သိရပါတယ်။ ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမယ့်အပြင် ပါဝင်ယှဉ်ပြိုင်သူ အားလုံးကိုလည်း Certificate များ၊ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ကြောင်းနှင့် မူလတန်းအဆင့်အတွက် ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆု ကျပ် (၄) သိန်း၊ တတိယဆု ကျပ် (၃) သိန်းနှင့် အထူးဆု (၁၀) ဆုအတွက် တစ်ဆုလျှင် ကျပ် (၂) သိန်းစီ ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။အလယ်တန်းအဆင့်အတွက် ပထမဆု ကျပ် (၇) သိန်း၊ ဒုတိယဆု ကျပ် (၆) သိန်း၊ တတိယဆု ကျပ် (၅) သိန်း၊ အထူးဆု (၁၀) ဆုအတွက် တစ်ဆုလျှင် ကျပ် (၃) သိန်းစီ ပေးအပ်မှာ ဖြစ်ကြောင်းနှင့် အထက်တန်းအဆင့်အတွက် ပထမဆု ကျပ် (၁၀) သိန်း၊ ဒုတိယဆု ကျပ် (၉) သိန်း၊ တတိယဆု ကျပ် (၈) သိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ် (၅) သိန်းစီ ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ အထက်တန်းအဆင့်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ မူလတန်းအဆင့်နဲ့ မတ်လ (၁) ရက်နေ့မှာ အလယ်တန်းအဆင့်တို့မှ ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ (၄) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ ကျောင်းတွေကနေ တဆင့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

38