back

မြန်မာသံအမတ်ကြီးက မတ်လတွင် လွှတ်တော်ခေါ်ယူမည့်အခြေအနေများကို အာဆီယံ-မော်စကိုကော်မတီအစည်းအဝေး၌ ဆွေးနွေး

Feb 18 • 5:43 AM

breaking-news

Myanmar

International

cover

မြန်မာသံအမတ်ကြီးက မတ်လတွင် လွှတ်တော်ခေါ်ယူမည့်အခြေအနေများကို အာဆီယံ-မော်စကိုကော်မတီအစည်းအဝေး၌ ဆွေးနွေး

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် အာဆီယံ-မော်စကိုကော်မတီ (AMC) အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက မြန်မာနိုင်ငံ၏ ရွေးကောက်...

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် အာဆီယံ-မော်စကိုကော်မတီ (AMC) အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် လာမည့်မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်ဖွဲ့စည်းကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည့် အစီအစဉ်များအပြင်၊ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် ဆက်ဆံသွားမည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

21