back

ထိုင်းတွင် ဘဏ်မန်နေဂျာကို ဓာတ်ဆီလောင်း၍ ဘတ် ၅ သန်း ခြိမ်းခြောက်တောင်းသူ ဖမ်းမိ

Feb 18 • 5:28 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ဘဏ်မန်နေဂျာကို ဓာတ်ဆီလောင်း၍ ဘတ် ၅ သန်း ခြိမ်းခြောက်တောင်းသူ ဖမ်းမိ

ထိုင်းနိုင်ငံ၊ စျေးဝယ်စင်တာအတွင်းမှ ဘဏ်တစ်ခု၏ မန်နေဂျာအမျိုးသမီးအား ဓာတ်ဆီလောင်းပြီး ဖမ်းချုပ်ကာ မီးရှို့မည်ဟု ခြိမ်းခြောက်၍ ဘတ် ၅ သန်း တောင်းသည့် အမျိုးသားတစ်ဦ...

ထိုင်းနိုင်ငံ၊ စျေးဝယ်စင်တာအတွင်းမှ ဘဏ်တစ်ခု၏ မန်နေဂျာအမျိုးသမီးအား ဓာတ်ဆီလောင်းပြီး ဖမ်းချုပ်ကာ မီးရှို့မည်ဟု ခြိမ်းခြောက်၍ ဘတ် ၅ သန်း တောင်းသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ဖြစ်ရပ်တွင် ဆမွတ်ပရာကန်ခရိုင်၊ ဘန်ပါလီရှိ ဘဏ်မန်နေဂျာ အမျိုးသမီးသည် ဓာတ်ဆီများ စိုနေသော အပေါ် အင်္ကျီကို ချွတ်ကာ ထွက်ပြေးပြီးနောက် ဘဏ်ဝန်ထမ်းများနှင့် အနီးဝန်းကျင်ကို အကူအညီတောင်းရာ အနားရှိသူများက ဝိုင်းဝန်း ဖမ်းဆီးပေးနိုင်ခဲ့သည်။

၎င်းးအား ရဲလက်သို့အပ်စဉ် ဝိုင်းဖမ်းရာ ထိုးကြိတ်ခံရခြင်းကြောင့် နှာခေါင်းသွေးများ လျှံခြင်းနှင့် အခြားဒဏ်ရာများ ရခဲ့သဖြင့် ဆေးရုံသို့ အရင်ပို့ဆောင်ပြီးမှ ဘန်ပါလီရဲစခန်းသို့ အပ်နှံခဲ့ရသည်။၎င်းသည် အသက် ၄၈ နှစ်ရှိပြီဖြစ်ကာ ချွန်ဘူရီတွင် နေထိုင်သူဖြစ်ကြောင်းနှင့် အလုပ်မရှိသည်မှာ ကြာပြီဖြစ်ခြင်းကြောင့် ငွေလည်းမရှိသဖြင့် ဓားပြတိုက်ရခြင်း ဖြစ်ကြောင်း၊ စိတ်ကူးတွင် ဘဏ်မန်နေဂျာကို မီးရှို့ရန်လည်း လုံး၀ ရည်ရွယ်ချက်မရှိဟု ထွက်ဆိုခဲ့သော်လည်း ဥပဒေအရ ဓားပြတိုက်ရန် ကြိုးစားမှု၊ လူသေစေရန် ကြံစည်မှုများဖြင့် အရေးယူခံရရန် သေချာနေကြောင်း သတင်းများက ဆိုသည်။


news-view-count-icon

13