back

ဒုဋ္ဌ၀တီမြစ်အတွင်း စက်လှေဖြင့်သွားလာသူ ယခင်နှစ်ကထက် နှစ်ဆကျော်ပိုများလာ

Feb 18 • 5:24 AM

breaking-news

Myanmar

Local

breaking-news
cover

ဒုဋ္ဌ၀တီမြစ်အတွင်း စက်လှေဖြင့်သွားလာသူ ယခင်နှစ်ကထက် နှစ်ဆကျော်ပိုများလာ

ဘုရားဖူးရန်အတွက် ဒုဋ္ဌ၀တီမြစ်ကြောင်းအတွင်းမှ စက်လှေဖြင့်သွားလာသူများမှာ ယခုနှစ်တွင် ယခင်နှစ်ကထက် နှစ်ဆကျော်ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ယခင်နှစ်က စက်လှ...

ဘုရားဖူးရန်အတွက် ဒုဋ္ဌ၀တီမြစ်ကြောင်းအတွင်းမှ စက်လှေဖြင့်သွားလာသူများမှာ ယခုနှစ်တွင် ယခင်နှစ်ကထက် နှစ်ဆကျော်ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ယခင်နှစ်က စက်လှေဖြင့်သွားလာသူများမှာ ဘုရားပွဲတော်ကာလအတွင်း တစ်ရက်ပျမ်းမျှ ၂၀,၀၀၀ ကျော်ရှိနေပြီး ယခုနှစ်တွင် ဘုရားပွဲတော်မတိုင်ခင်ကတည်းက များပြားနေခြင်းလည်းဖြစ်သည်။

“ဒီနှစ် ဘုရားပွဲတောင်မစသေးဘူး၊ မြစ်ထဲစက်လှေတွေနဲ့ ပြည့်နေပြီ၊ စက်လှေစီးသူက မနှစ်ကထက်ကို နှစ်ဆလောက် ပိုများလာတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။အဆိုပါ ဒုဋ္ဌ၀တီမြစ်အတွင်းမှ စက်လှေများဖြင့် ရွှေစာရံဘုရားနှင့် ကာ၀န်းဘုရားသို့ကူးလူးသွားလာခြင်းများရှိပြီး ဘုရားပွဲတော် ကျင်းပရာရက်တွင် ယခုထက်ပိုမိုများပြားကာ မနှစ်ကထက်ပင် ပိုနိုင်ဖွယ်ရှိမည်ဟု ခန့်မှန်းနေကြသည်။မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာတွင်နှစ်စဉ်ကျင်းပလေ့ရှိသည့် သမိုင်းဝင်ရွှေစာရံဘုရားပွဲတော်ကို ယခုနှစ်တွက် လာမည့်မတ်လ ၂ ရက်ဖြစ်သော တပေါင်းလပြည့်နေ့မှ မတ်လ ၁၀ ရက်ဖြစ်သော လပြည့်ကျော် ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော်ကျင်းပရန် လိုနေသေးသော်ည်း ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဘုရားဖူးများ လာရောက်မှုရှိနေပြီး စည်ကားနေလျက်ရှိကြောင်း၊ ဘုရားဖူးလာသူများသည် ယခင်က ရွှေစာရံကျေးရွာအောက်ဘက် ဒုဋ္ဌ၀တီမြစ်နှင့် နားဋောင်းကျချောင်းတို့ပေါင်းဆုံရာအနီးမှ ကာ၀န်းဘုရားသို့ ကုန်းလမ်းခရီးဖြင့်လာကြသော်လည်း ယခု နောက်ပိုင်းတွင် ရေလမ်းခရီးကို အသုံးပြုလာကြခြင်းဖြစ်သည်။မြစ်ကြောင်းအတွင်း စက်လှေများဖြင့် ကူးလူးသွားလာမှုမှာလည်း နှစ်သက်ဖွယ်ရာအခြေအနေမျိုးဖြစ်လာသလို နောက်ပိုင်းတွင် ပိုမိုများပြားလာခြင်းလည်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

43