back

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် တည်းခိုဆောင်များ ပြည့်သည်အထိ ဘုရားဖူးများဖြင့် အထူးစည်ကားနေ

Feb 18 • 3:01 AM

breaking-news

Myanmar

Mandalay

cover

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် တည်းခိုဆောင်များ ပြည့်သည်အထိ ဘုရားဖူးများဖြင့် အထူးစည်ကားနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလအတွင်း အများပြည်သူရုံးပိတ်ရက်ရှည်နှင့် တိုက်ဆိုင်နေသဖြင့် တည်းခိုဆောင်များ ပြည့်သည်အ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလအတွင်း အများပြည်သူရုံးပိတ်ရက်ရှည်နှင့် တိုက်ဆိုင်နေသဖြင့် တည်းခိုဆောင်များ ပြည့်သည်အထိ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။ ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ဘုရားဖူးလာရောက်သူ ၃၀,၀၀၀ ကျော်ရှိပြီဖြစ်ပြီး၊ လာမည့် တပေါင်းလပြည့်နေ့မတိုင်မီတွင် မင်းလှကျင်းကျေးရွာဒေသခံများ၏ ရှေးရိုးရာလှည်းယာဉ်တန်းဖြင့် ဘုရားဖူးလာသည့် အစဉ်အလာကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန် ဂေါပကအဖွဲ့က တည်းခိုဆောင်များနှင့် စားသောက်ဆိုင်ခန်းများကို စနစ်တကျ စီစဉ်ပေးထားကြောင်း သိရှိရပါသည်

news-view-count-icon

34