back

ပုသိမ်-မော်တင်စွန်း ဘုရားဖူးရေယာဉ်ကို လေးခွဖြင့်ပစ်ခတ်သည့် ငါးဖမ်းလှေမှ လူ ၇ ဦးအား ဖမ်းဆီးရမိ

Feb 18 • 3:03 AM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်-မော်တင်စွန်း ဘုရားဖူးရေယာဉ်ကို လေးခွဖြင့်ပစ်ခတ်သည့် ငါးဖမ်းလှေမှ လူ ၇ ဦးအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မော်တင်စွန်းဘုရားပွဲသို့ ထွက်ခွာလာသည့် "ရွှေစင်ကြယ်" ခရီးသည်တင်ရေယာဉ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် လေးခွဖြင့် ပစ်ခတ်ခဲ့သူ...

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မော်တင်စွန်းဘုရားပွဲသို့ ထွက်ခွာလာသည့် "ရွှေစင်ကြယ်" ခရီးသည်တင်ရေယာဉ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် လေးခွဖြင့် ပစ်ခတ်ခဲ့သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး (စုစုပေါင်း ၇ ဦး) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နတ်ကျွန်းကျေးရွာအကွေ့အနီးတွင် ဘုရားဖူးသင်္ဘောက ငါးဖမ်းပိုက်အား တိုက်မိသွားသဖြင့် ဝဲဒေါင့်ကျေးရွာမှ ချမ်းကိုနှင့် အဖွဲ့က စက်လှေ ၄ စင်းဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးချက်အရ ၎င်းတို့သည် ငါးမဖမ်းရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားချိန်တွင် ပိုက်မျောငါးဖမ်းနေကြသူများဖြစ်ပြီး၊ လက်ရှိတွင် လေးခွနှင့် သက်သေခံပစ္စည်းများအပါအဝင် ၎င်းတို့ ၇ ဦးကို ပုသိမ်သင်္ဘောကျင်းနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူရန် စီစဉ်လျက်ရှိပါသည်။

news-view-count-icon

39