back

ထိုင်းရောက် Work Permit ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများအတွက် CI စခန်း ၅ ခု စတင်ဖွင့်လှစ်

Feb 18 • 3:00 AM

breaking-news

Thailand

Local News

cover

ထိုင်းရောက် Work Permit ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများအတွက် CI စခန်း ၅ ခု စတင်ဖွင့်လှစ်

ထိုင်းနိုင်ငံရှိ Work Permit ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ...

ထိုင်းနိုင်ငံရှိ Work Permit ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ ခုကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီနှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီဖြစ်သည်။ CI လျှောက်ထားလိုသူများသည် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုး ဘတ် ၂,၆၇၀ ပေးသွင်းကာ မိမိသွားရောက်လိုသည့် စခန်းနှင့် နေ့ရက်ကို ရွေးချယ်နိုင်ပြီး၊ ရရှိလာသောပြေစာဖြင့် သတ်မှတ်စခန်းများတွင် သွားရောက်ပြုလုပ်နိုင်ကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့တိုင်းနှင့် ရုံးပိတ်ရက်များတွင် စခန်းများပိတ်ထားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

20