back

မြစ်ကြီးနားမြို့မဈေးကြီး၌ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ကျင်းပ

Feb 17 • 2:39 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့မဈေးကြီး၌ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မဈေးကြီးအတွင်း ဈေးသူဈေးသားများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေးနှင့်...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မဈေးကြီးအတွင်း ဈေးသူဈေးသားများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက စည်ပင်သာယာဈေး (၁) နှင့် (၂) ကြား၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့ပြီး၊ ပြည်နယ်မီးသတ်ဦးစီးမှူးက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် 191 Report Mobile Application အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ လက်တွေ့လေ့ကျင့်ခန်းများအဖြစ် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ဆီမီးလောင်မှုနှင့် ဂက်စ်အိုးမီးလောင်မှု ငြှိမ်းသတ်နည်းများအပြင် ခေတ်မီပစ္စည်းများဖြင့် လူနာကယ်ဆယ်ခြင်းများကို သရုပ်ပြသခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လေ့ကျင့်မှု၏ အရေးပါပုံကို အလေးပေးပြောကြားကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းများအတွက် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေ ၂၅ သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

27