အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ရှိ စိုက်ပျိုးမြေတွင် ဖြစ်ပေါ်နေသော ၃ ဟက်တာ (၇ ဧကခွဲခန့်) ကျယ်ဝန်းသည့် မြေကျွံကျင်းကြီးသည် တစ်နေ့လျှင် တစ်မီတာနှုန်းခန့် ဆက်လက်ကြီးထွားနေသဖြင့် လူနေကျေးရွာများနှင့် မီတာ ၄၀၀ ခန့်သာ ကွာဝေးတော့ရာ ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က အခြေခံအဆောက်အအုံများ ပျက်စီးမှုမရှိစေရန် မဟာဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်းခြင်းနှင့် လမ်းသစ်များဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်နေပြီး၊ မြေသားပိုမိုပျော့ပျောင်းကာ ပြိုကျမှုမဖြစ်စေရန် ရေဆိုးထုတ်လွှတ်မှုများကိုလည်း ဆိုင်းငံ့ထားသည်။ လတ်တလောတွင် အန္တရာယ်ရှိသည့်နေရာများသို့ မသွားရန် အရံအတားများ ပြုလုပ်ထားပြီး တာဝန်ရှိသူများက မြေကျွံရသည့်အကြောင်းရင်းကို အသေးစိတ်လေ့လာနေကာ ဖေဖော်ဝါရီလကုန်တွင် ရေရှည်ဖြေရှင်းချက်တစ်ရပ် ထုတ်ပြန်နိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။
Feb 17 • 2:35 AM
Myanmar
International
Share
| 38 | 0 | 0 | 0 |


