စင်ကာပူနိုင်ငံရှိ Michelin အဆင့်ရ စားသောက်ဆိုင်တစ်ဆိုင်တွင် ချစ်သူများနေ့ညစာအတွက် ဘိုကင်လုပ်ထားသည့် အမျိုးသမီးတစ်ဦးသည် မိသားစုဝင်တစ်ဦး ရုတ်တရက်ကွယ်လွန်သွားသဖြင့် ရက်ချိန်းဖျက်သိမ်းခဲ့ရာ စားသောက်ဆိုင်ဘက်မှ cancellation fee အဖြစ် စင်ကာပူဒေါ်လာ ၄၀၀ (တစ်ဦးလျှင် ၂၀၀ နှုန်း) ကို ဖြတ်တောက်လိုက်သည့်ဖြစ်ရပ်ကြောင့် အခြေအတင်ဖြစ်ပွားခဲ့သည်။ အမျိုးသမီးက နာရေးကိစ္စကြောင့် ရက်ချိန်းရွှေ့ဆိုင်းပေးရန် သို့မဟုတ် လျော်ကြေးလျှော့ပေါ့ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း ဆိုင်ဘက်က ၎င်းတို့၏ ၇၂ နာရီကြိုတင်အကြောင်းကြားရမည့် မူဝါဒကိုကိုးကား၍ ငြင်းဆိုခဲ့သည့်အပြင်၊ အဆင့်မြင့်ပါဝင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုရှိခြင်းနှင့် နာရေးအကြောင်းပြချက်ဖြင့် လိမ်ညာသူများပြားခြင်းတို့ကြောင့် မူဝါဒအတိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့ရာ၊ အမျိုးသမီးဘက်ကမူ ဆိုင်တွင် ကိုယ်ချင်းစာတရားကင်းမဲ့သည်ဟုဆိုကာ Google Review တွင် ကြယ်တစ်ပွင့်ပေး၍ ဝေဖန်ခဲ့ကြောင်း သိရှိရပါသည်။
မိသားစုနာရေးကြောင့် ချစ်သူများနေ့ညစာ ရက်ချိန်းဖျက်ခဲ့ရတဲ့ စင်ကာပူအမျိုးသမီး ဒေါ်လာ ၄၀၀ လျော်ကြေးပေးလိုက်ရ
Feb 17 • 2:33 AM
Singapore
Local News
Share
| 10 | 0 | 0 | 0 |


