back

ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ရှိ စန္ဒကူးတောမှ ရွှေသမင်များ ခရီးသွားများကို ဆွဲဆောင်လျက်ရှိ

Feb 17 • 2:36 AM

breaking-news

Myanmar

Mandalay

cover

ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ရှိ စန္ဒကူးတောမှ ရွှေသမင်များ ခရီးသွားများကို ဆွဲဆောင်လျက်ရှိ

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အတွင်းရှိ စန္ဒကူးတောမှ ရှားပါးရွှေသမင်များသည် ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား အထူးရေပန်းစားလျက်ရှိပြ...

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အတွင်းရှိ စန္ဒကူးတောမှ ရှားပါးရွှေသမင်များသည် ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား အထူးရေပန်းစားလျက်ရှိပြီး လာမည့်ရုံးပိတ်ရက်ရှည်နှင့် ကျောင်းစာမေးပွဲအပြီးကာလများတွင် လာရောက်လည်ပတ်သူ ပိုမိုများပြားလာရန် မျှော်မှန်းထားသည်။ ခရီးသွားများသည် ပုပ္ပားတောင်မကြီးသို့ တက်ရောက်ခြင်း၊ သဘာဝအလှကြည့်ရှုခြင်းတို့အပြင် စန္ဒကူးတောအတွင်းရှိ ရွှေသမင်နှင့် ဆတ်များကို အနီးကပ်အစာကျွေးကာ ဓာတ်ပုံရိုက်လေ့လာကြပြီး၊ ဥယျာဉ်အတွင်းရှိ မျောက်မျက်ကွင်းဖြူများနှင့် မီးတောင်ဟောင်း၏ သဘာဝထွက်ကုန်များကိုလည်း စိတ်ဝင်တစား ကြည့်ရှုကြသည်။ မျိုးသုဉ်းရန် အန္တရာယ်ရှိသဖြင့် နိုင်ငံတော်အဆင့် ထိန်းသိမ်းထားသော ရွှေသမင်များကို ပုပ္ပားအပြင် ရွှေစက်တော်၊ ချပ်သင်းနှင့် အလောင်းတော်ကဿပတို့တွင်လည်း ကာကွယ်စောင့်ရှောက်ထားပြီး၊ ယခုအခါ ခရီးသွားများနှင့် ယဉ်ပါးနေပြီဖြစ်သော ရွှေသမင်များကို ဖူးမြော်လေ့လာနိုင်ရန် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်အား နေ့စဉ် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

28