back

တရုတ်နိုင်ငံချုံကင်းမြို့တွင် တိုက်အထပ် ၈၀ မြင့်သည့် ၉၀၅ မီတာရှည် စက်လှေကားကြီးကို တရုတ်နှစ်သစ်ကူးအမှီ ဖွင့်လှစ်

Feb 17 • 2:30 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံချုံကင်းမြို့တွင် တိုက်အထပ် ၈၀ မြင့်သည့် ၉၀၅ မီတာရှည် စက်လှေကားကြီးကို တရုတ်နှစ်သစ်ကူးအမှီ ဖွင့်လှစ်

တရုတ်နိုင်ငံ၊ ချုံကင်း (Chongqing) မြို့ရှိ ရှုခင်းသာတောင်တန်းဒေသဖြစ်သော Wushan ခရိုင်တွင် "Wushan Goddess Escalator" အမည်ရှိ ၉၀၅ မီတာရှည်လျားသည့် စက်လှေကားကြီး...

တရုတ်နိုင်ငံ၊ ချုံကင်း (Chongqing) မြို့ရှိ ရှုခင်းသာတောင်တန်းဒေသဖြစ်သော Wushan ခရိုင်တွင် "Wushan Goddess Escalator" အမည်ရှိ ၉၀၅ မီတာရှည်လျားသည့် စက်လှေကားကြီးကို တရုတ်နှစ်သစ်ကူးကာလအတွင်း ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါစက်လှေကားကြီးသည် အမြင့် ၂၄၀ မီတာကျော် (အဆောက်အအုံ အထပ် ၈၀ ခန့်) ရှိပြီး စက်လှေကား ၂၁ ခု၊ ဓာတ်လှေကား ၈ ခုနှင့် အလိုအလျောက်ရွေ့လျားစင်္ကြံ ၄ ခုတို့ ပါဝင်ကာ တောင်ပေါ်မြို့လယ်၏ "ဒေါင်လိုက်အမြန်လမ်း" အဖြစ် တင်စားခေါ်ဝေါ်နေကြသည်။ ယခင်က တစ်နာရီခန့် ကြာမြင့်သည့် ခရီးစဉ်ကို မိနစ် ၂၀ အထိ လျှော့ချပေးနိုင်သည့် အဆိုပါစီမံကိန်းကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ပြည်သူများကို အခမဲ့ စမ်းသပ်စီးနင်းခွင့်ပြုထားကြောင်း သိရှိရပါသည်။

news-view-count-icon

17