back

မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်အပါး ၇၀၀ အား အသည်းရောင်အသားဝါပိုး စစ်ဆေးပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေး

Feb 17 • 2:29 AM

breaking-news

Myanmar

Yangon

cover

မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်အပါး ၇၀၀ အား အသည်းရောင်အသားဝါပိုး စစ်ဆေးပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ မဟာဝိဟာရကျောင်းတိုက်မှ သံဃာတော် ၇၀၀ ပါးအား ပထမအကြိမ်အဖြစ် အသည်းရောင်အသားဝါ (ဘီ) ပိုးနှင့် (စီ) ပိုး ရှိ၊ မရှိ စစ်ဆေးပေ...

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ မဟာဝိဟာရကျောင်းတိုက်မှ သံဃာတော် ၇၀၀ ပါးအား ပထမအကြိမ်အဖြစ် အသည်းရောင်အသားဝါ (ဘီ) ပိုးနှင့် (စီ) ပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်းနှင့် (ဘီ) ပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)၊ Trust Alliance Company နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကြည့်ရှုအားပေးခဲ့ပြီး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည့်အပြင် အသည်းရောဂါဖောင်ဒေးရှင်းသို့လည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

21