back

ဖေဖော်ဝါရီရုံးပိတ်ရက်ရှည်အတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားတစ်သောင်းကျော် လာရောက်လည်ပတ်

Feb 17 • 2:28 AM

breaking-news

Myanmar

Ayeyarwady

cover

ဖေဖော်ဝါရီရုံးပိတ်ရက်ရှည်အတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားတစ်သောင်းကျော် လာရောက်လည်ပတ်

ယခုဖေဖော်ဝါရီလ ရုံးပိတ်ရက်ရှည် ၆ ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း ၁၀,၉၃၆ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း မြို...

ယခုဖေဖော်ဝါရီလ ရုံးပိတ်ရက်ရှည် ၆ ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း ၁၀,၉၃၆ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ခရီးသွားအများစုသည် ငွေဆောင်ကမ်းခြေအပြင် အနီးနားရှိ ဂေါ်ရန်ဂျီကမ်းခြေနှင့် လိပ်ချိုင်ကျွန်းများသို့လည်း ဆက်လက်လည်ပတ်ခဲ့ကြပြီး၊ ခရီးသွားလာမှု များပြားသောကြောင့် ဒေသအာဏာပိုင်များက ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် ခရီးစဉ်ဘေးကင်းလုံခြုံရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ စနစ်တကျ စီမံဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

25