ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှ အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခြင်းခံခဲ့ရသည့် မြန်မာလုပ်သား (၁၈) ဦး၏ နစ်နာမှုများအတွက် စက်ရုံအား အလုပ်သမားတရားရုံးမှတစ်ဆင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။ အဆိုပါအလုပ်သမားများ၏ ရသင့်ရထိုက်သည့် နစ်နာကြေးနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်အတွက် အလုပ်သမားသံအရာရှိရုံးနှင့် အယုဒ္ဓယမြို့ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတို့(ဖေဖော်ဝါရီ ၁၆ ရက်) တွင် ညှိနှိုင်းခဲ့ကြပြီး၊ အမှုကိစ္စပြီးပြတ်သည်အထိ နှစ်ဖက်ပူးပေါင်း၍ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှအကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား(၁၈) ဦး နစ်နာမှုအတွက် အမှုဖွင့် အရေးယူဆောင်ရွက်မည်
Feb 17 • 2:25 AM
Thailand
Local News
Share
| 20 | 0 | 0 | 0 |


