စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ ကလျာနီသိမ်တော်အပါအဝင် ဘုရား၊ စေတီများကို မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် စုပေါင်းရေသပ္ပါယ်ကုသိုလ်ယူခဲ့ကြသည်။ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်အတူ ရန်ကင်း၊ အောင်ချမ်းသာနှင့် သလ္လာရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကလျာနီသိမ်တော်၊ ဘုရားနီမဟာစေတီတော်နှင့် အရပ်ရှစ်မျက်နှာဘုရားတို့အား သန့်ရှင်းရေးပြုလုပ်ကာ ရေသပ္ပါယ်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Feb 17 • 2:24 AM
Myanmar
Sagaing
Share
| 32 | 0 | 0 | 0 |


