back

မော်တင်စွန်းဘုရားနှင့် ဟိုင်းကြီးကျွန်းမြို့ ဝိသုဒ္ဓါရုံ မိုးကုတ်ဝိပဿနာကျောင်းတိုက်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ရုပ်ပွားတော်များကို လာရောက်ဖူးမြော်သူ များပြားလျက်ရှိ

Feb 17 • 2:23 AM

breaking-news

Myanmar

Ayeyarwady

cover

မော်တင်စွန်းဘုရားနှင့် ဟိုင်းကြီးကျွန်းမြို့ ဝိသုဒ္ဓါရုံ မိုးကုတ်ဝိပဿနာကျောင်းတိုက်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ရုပ်ပွားတော်များကို လာရောက်ဖူးမြော်သူ များပြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နာမည်ကျော် မော်တင်စွန်းဘုရားသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများသည် မိနစ် ၂၀ ခန့်သာ ကွာဝေးသော ဟိုင်းကြီးကျွန်းမြို့ရှိ ဝိသုဒ္ဓါရုံ...

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နာမည်ကျော် မော်တင်စွန်းဘုရားသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများသည် မိနစ် ၂၀ ခန့်သာ ကွာဝေးသော ဟိုင်းကြီးကျွန်းမြို့ရှိ ဝိသုဒ္ဓါရုံ မိုးကုတ်ဝိပဿနာကျောင်းတိုက်သို့လည်း ဆက်လက်၍ အဖွဲ့လိုက် လာရောက်ဖူးမြော်သူ များပြားလျက်ရှိသည်။ အဆိုပါကျောင်းတိုက်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်များနှင့် ဓာတ်တော်ပွားများကို ဖူးမြော်ရန် နေ့စဉ် ဘုရားဖူးကားကြီး ၁၅ စီးမှ ၂၀ ခန့်အထိ လာရောက်နေကြခြင်းဖြစ်သည်။ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရနှင့် မြို့သူမြို့သားများက ဘုရားဖူးများအတွက် နေ့စဉ် ထမင်း၊ ဟင်း သုံးနပ် စတုဒီသာ ကျွေးမွေးလှူဒါန်းပေးသည့်အပြင် တည်းခိုရန် အခက်အခဲရှိသူများကိုလည်း ကျောင်းတိုက်အတွင်း နေရာချထားပေးခြင်းဖြင့် နွေးထွေးစွာ ကြိုဆိုကုသိုလ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

43