back

စက်ဆီချောဆီများ အရည်အသွေးပြည့်မီရေးနှင့် စံချိန်စံညွှန်းကိုက်ညီမှုရှိစေရန် တိုက်တွန်း

Feb 17 • 2:26 AM

breaking-news

Myanmar

Local

cover

စက်ဆီချောဆီများ အရည်အသွေးပြည့်မီရေးနှင့် စံချိန်စံညွှန်းကိုက်ညီမှုရှိစေရန် တိုက်တွန်း

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ဆီချောဆီရောစပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စက်ဆီချောဆီများ၏ အရ...

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ဆီချောဆီရောစပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စက်ဆီချောဆီများ၏ အရည်အသွေးသည် လယ်ယာနှင့် စက်မှုကဏ္ဍသုံး ယန္တရားများ၏ ကြာရှည်ခံမှုအတွက် အရေးကြီးသဖြင့် ကုန်ကြမ်းဝယ်ယူရာတွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနှင့်အတူ စနစ်တကျစာချုပ်ချုပ်ဆို ဝယ်ယူကြရန် မှာကြားခဲ့သည်။ ဒုတိယဝန်ကြီးက ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းများကို စံချိန်စံညွှန်းနှင့်အညီ စစ်ဆေးကြပ်မတ်ရန်၊ အတည်ပြုထားသည့် Formula အတိုင်း ထုတ်လုပ်ရန်နှင့် သုံးစွဲသူပြည်သူများထံသို့ သင့်တင့်သောစျေးနှုန်းဖြင့် အရည်အသွေးစိတ်ချရသော ကုန်ပစ္စည်းများ ဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထို့ပြင် ပြည်တွင်းစျေးကွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သော စစ်ဆေးကြပ်မတ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

29