back

နီပေါရွေးကောက်ပွဲအတွက် မဲဆွယ်မှုများစတင်

Feb 17 • 2:21 AM

breaking-news

Myanmar

International

cover

နီပေါရွေးကောက်ပွဲအတွက် မဲဆွယ်မှုများစတင်

ပြီးခဲ့သည့်နှစ်က အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် အစိုးရပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် နီပေါနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲအတွက် မ...

ပြီးခဲ့သည့်နှစ်က အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် အစိုးရပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် နီပေါနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို တနင်္လာနေ့တွင် စတင်လိုက်ပြီဖြစ်ရာ လာမည့် မတ်လ ၅ ရက်နေ့တွင် ကျင်းပမည့် အဆိုပါရွေးကောက်ပွဲသည် နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးလိမ့်မည်ဟု ကြားဖြတ်အစိုးရဝန်ကြီးချုပ် ဆူရှီလာကာကီက ပြောကြားခဲ့သည်။ မဲပေးရန်မှတ်ပုံတင်ထားသူ ၁၉ သန်းနီးပါးရှိသည့် ဤရွေးကောက်ပွဲတွင် လူငယ်များဦးဆောင်သော နိုင်ငံရေးပြောင်းလဲမှု၏ သင်္ကေတဖြစ်သူ မြို့တော်ဝန် ဘာလန်ဒရာရှားနှင့် ဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီတို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ အဓိကစိတ်ဝင်စားဖွယ်ဖြစ်နေပြီး၊ အောက်လွှတ်တော်အမတ်နေရာ ၂၇၅ နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃,၄၀၀ ကျော်အနက် ၃၀ ရာခိုင်နှုန်းမှာ အသက် ၄၀ အောက် လူငယ်များဖြစ်ကြကာ ဘုရင်စနစ်ကို ပြန်လည်လိုလားသည့် ဘုရင်ဟောင်းဂါနန်ဒရာရှားအား ထောက်ခံသူများကလည်း တစ်ဖက်မှ ပါဝင်မဲဆွယ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

28