တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းစုပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ မီးရှူးမီးပန်းအရောင်းဆိုင်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ ဒေသခံတစ်ဦး၏ စည်းကမ်းမဲ့ မီးရှူးမီးပန်းပစ်ဖောက်မှုကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ မတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရန် မီးရှူးမီးပန်း ထုတ်လုပ်၊ ရောင်းချ၊ အသုံးပြုမှုများကို တင်းကျပ်စွာ ကြီးကြပ်ကြရန် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒေသအသီးသီးသို့ ညွှန်ကြားထားသည်။ တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်) သည် ယခုဖေဖော်ဝါရီ ၁၇ ရက် တွင် ကျရောက်မည်ဖြစ်ပြီး မြင်းနှစ်သစ်သို့ ကူးပြောင်းမည်ဖြစ်ရာ၊ ပွဲတော်ကာလအတွင်း ပြည်သူများ ဘေးကင်းလုံုံခြုံစေရန် စည်းကမ်းဖောက်ဖျက်မှုများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Feb 17 • 2:19 AM
China
Local News
Share
| 7 | 0 | 0 | 0 |


