ယခုလဝက်အတွင်း စေတုတ္တရာမြို့ကိုဗဟိုပြု၍ (၃) ကြိမ်မြောက်ငလျင်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။စေတုတ္တရာမြို့၏ အနောက်ဘက်မိုင်(၂၀)ခန့်အကွာ၊ အနက်(၁၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် နံနက် ၅ နာရီ ၂၀ မိနစ် ၄၆ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ညနေ ၅ နာရီကျော်ခန့်က စေတုတ္တရာမြို့၏ အရှေ့တောင်ဘက်(၁၈)မိုင်ခန့်အ ကွာ၊ အနက်(၇၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသောငလျင်တစ်ခု ဖေဖော်ဝါရီ ၃ ရက်ည ၁၀ နာရီကျော်ခန့်ကလည်း စေတုတ္တရာမြို့၏ အနက်(၅၈)ကီ လိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆ ဒ သမ ၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုတို့လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။



