back

အိန္ဒိယတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၅ ဦးကို ချန်နိုင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

Feb 17 • 2:16 AM

breaking-news

Myanmar

Local

cover

အိန္ဒိယတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၅ ဦးကို ချန်နိုင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

ပင်လယ်ပြင်အတွင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေး...

ပင်လယ်ပြင်အတွင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါရေလုပ်သားများသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ Trichy မြို့ရှိ Special Camp တွင် ထိန်းသိမ်းခံခဲ့ရသူများဖြစ်ပြီး၊ မြန်မာသံရုံးနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ ဌာနဆိုင်ရာများ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ခရီးစဉ်ဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

27