back

ဂေါ်ရန်ဂျီကျွန်းကမ်းခြေ၌ အစိုးရရုံးပိတ်ရက်ကာလ လာရောက်လည်ပတ်သူများဖြင့် စည်ကား

Feb 16 • 2:53 PM

breaking-news

Myanmar

Ayeyarwady

cover

ဂေါ်ရန်ဂျီကျွန်းကမ်းခြေ၌ အစိုးရရုံးပိတ်ရက်ကာလ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ဖေဖော်ဝါရီ (၁၂) ရက်မှ (၁၇) ရက်အထိ အစိုးရရုံးပိတ်ရက်ရှည်အဖြစ်သတ်မှတ်ထားပြီး အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ် အပန်းဖြေလျက်ရှိ...

ဖေဖော်ဝါရီ (၁၂) ရက်မှ (၁၇) ရက်အထိ အစိုးရရုံးပိတ်ရက်ရှည်အဖြစ်သတ်မှတ်ထားပြီး အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။အဆိုပါ ကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် နှစ်ကူးကာလများတွင် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလျက်ရှိကြောင်း သိရသည်။ဂေါ်ရန်ဂျီကျွန်းသို့ ခြေလျင်တောင်တက်ပြီး မြဝတီစေတီတော်မြတ်အား ဖူးမြော်ခြင်း၊ ဘုရားရင်ပြင်တော်မှ အလွန်သာယာလှပသော ဂေါ်ရန်ဂျီကျွန်း ပတ်ဝန်းကျင်ကမ်းခြေများအား ကြည့်ရှုအပန်းဖြေအနားယူခြင်းများအပြင် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူအပန်းဖြေရန်ကောင်းသော ကမ်းခြေတစ်ခုဖြစ်သည်။အဆိုပါဂေါ်ရန်ဂျီကျွန်းကမ်းခြေမှတစ်ဆင့် ဆက်လက်လည်ပတ်မည်ဆိုပါက ကမ်းခြေအနီး ပုဂံကျွန်း၊ အပြင်မိုးချိုင်၊ စပါးထားကျွန်း၊ ကျောက်ခြေထောက်ချိုင်၊ ကုလားမချိုင်၊ လိပ်ချိုင်၊ သစ်ရောင်းကျွန်း၊ မြင်းစီးကျွန်း၊ ကျွေချိုင်ကမ်းခြေတို့သို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။


news-view-count-icon

20