YBS ယာဉ်များ ရပ်၊ ချ၊ တင်၊ ထွက် စနစ်ကျင့်သုံးရာ၌ မှတ်တိုင်တွင် ခရီးသည်များအား အတင်အချပြုလုပ်ပါက တံခါးများအား ပိတ်ပြီးမှသာ ယာဉ်ကို ထွက်ခွာစေလိုကြောင်း၊ လမ်းမများပေါ်တွင် YBS ယာဉ်များအချင်းချင်း ကျော်တက်မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တို-က်မှုဖြစ်ပွားပြီး လူသေဆုံးပါက ရာသက်ပန် ထုတ်ပယ်ယာဉ်မောင်းအဖြစ် သတ်မှတ်ပြီး YRTC မှ လက်တွဲဖြုတ်သွားမည်ဖြစ်ကြောင်း ဦးချစ်ကိုကိုက ပြောကြားခဲ့သည်။ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ခရီးသည်နှင့် လမ်းသုံးပြည်သူများ၏ လုံခြုံရေး တိုးမြှင့်ရန်၊ ယာဉ်တို-က်မှုနှုန်း လျှော့ချရန် တို့ကို ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်း၊ ယာဉ်အစီးရေ ၅၄၆၂ စီးရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃၅၀၀ ခန့် ယာဉ်လိုင်း ၁၃၂ လိုင်းဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။



