menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

Feb 16 • 2:54 PM

breaking-news

Myanmar

Ayeyarwady

Share

share-news
cover

သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ စျေးကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် ညောင်တုန်းဆရာတော်ဘု...

cover-photo

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ စျေးကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဩသဓာဘိဝံသဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။ဆရာတော်ကြီးဟာ ဆဋ္ဌသံဂါယနာတင်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ မတ်လအထိ နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူခဲ့တယ်လို့ သိရပြီး ပျံလွန်တော်မူချိန်မှာ သက်တော် (၁ဝ၄) နှစ်၊ ဝါတော် (၈၄) ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ဆရာတော်ဘုရားကြီးရဲ့ အန္တိမစျာပန ကျင်းပနိုင်ဖို့အတွက် လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေ ဆွေးနွေးနေဆဲဖြစ်ပြီး ဈာပန အခမ်းအနား ကျင်းပပြုလုပ်မယ့်ရက်ကို ထပ်မံ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

49

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဂေါ်ရန်ဂျီကျွန်းကမ်းခြေ၌ အစိုးရရုံးပိတ်ရက်ကာလ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ဒလသို့ YBS - 58 / 72 / 108 ယာဥ်အချို့ခရီးစဥ်လမ်းကြောင်းစမ်းသပ်ပြေးဆွဲ ၊ YBS - 42 နှင့် 145 ဂိတ်ရင်းနေရာပြောင်းရွှေ့

cover-photo
right-arrow-icon