back

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နွေဦးပွဲတော် ခရီးသွားရာသီအတွက် အဓိက ကဏ္ဍများနှင့် ဝန်ဆောင်မှုများ ‌ဘေးကင်းလုံခြုံမှုရှိရေး အလေးထားမှာကြား

Feb 16 • 2:20 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နွေဦးပွဲတော် ခရီးသွားရာသီအတွက် အဓိက ကဏ္ဍများနှင့် ဝန်ဆောင်မှုများ ‌ဘေးကင်းလုံခြုံမှုရှိရေး အလေးထားမှာကြား

တရုတ်၌နွေဦးပွဲတော်ခရီးသွားရာသီအတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ စိတ်ချသေချာမှုရှိစေရေး လုပ်ငန်းခွင်ဘေးကင်းရေး၊ လူမှုအခြေအနေတည်ငြိမ်ရေး၊ ခရီးသွားလ...

တရုတ်၌နွေဦးပွဲတော်ခရီးသွားရာသီအတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ စိတ်ချသေချာမှုရှိစေရေး လုပ်ငန်းခွင်ဘေးကင်းရေး၊ လူမှုအခြေအနေတည်ငြိမ်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်အသွေး တိုးတက်ရေး၊ ပြည်သူများအတွက် အေးချမ်းပျော်ရွှင်သော အားလပ်ရက်ကာလဖြစ်စေရေးအတွက် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဖေဖော်ဝါရီ ၁၄ ရက်က အလေးထားမှာကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ လီက အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့ စစ်ဆေးရေးသွားရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် လီသည် အဆိုပါဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသူများထံ သွားရောက်ကာ စကားပြောကြားခဲ့သည်။

news-view-count-icon

11