ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဇေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၅ ရက်နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပသည်။ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ ဦးကျော်ငြိမ်းအောင်နှင့် ဦးစိုင်းအွန်ခမ်းတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ကာ အာဇေးရွာ အခြေခံပညာမူလတန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်ထွန်းနှင့် ကျေးရွာသူကြီး ဦးအဟာ တို့က ကျေးဇူးတင်စကားပြောကြားသည်။ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် တက်ရောက်လာသူများက အလျား ပေ ၉၀၊ အနံ ၃၀ ပေရှိ RC တစ်ထပ် ကျောင်းဆောင်သစ်အား ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။



