back

မကွေးတိုင်း၊ရေနံချောင်းမြို့နယ်တွင် ဆံတော်ရှင်၊ဆံတော်မြတ်၊မဟာဗောဓိစေတီတော်ဌာပနာသွင်း မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်

Feb 16 • 2:19 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ရေနံချောင်းမြို့နယ်တွင် ဆံတော်ရှင်၊ဆံတော်မြတ်၊မဟာဗောဓိစေတီတော်ဌာပနာသွင်း မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ရေနံချောင်းမြို့နယ်တွင်၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ၁၄ရက်နေ့နံနက်၀၈:၀၀နာရီချိန်တွင် ရေနံချောင်းမြို့သစ်တပွေရပ်ကွက်၊ရေနံသာရပ်ရှိ ရေနံသာဥ...

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ရေနံချောင်းမြို့နယ်တွင်၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ၁၄ရက်နေ့

နံနက်၀၈:၀၀နာရီချိန်တွင် ရေနံချောင်းမြို့သစ်တပွေရပ်ကွက်၊ရေနံသာရပ်ရှိ ရေနံသာဦးကျောင်းတိုက်၊ရှင်ပင်သက်တော်ရှည်စေတီတော်မြတ်ကြီး၏ မြောက်ဘက်တွင်တည်ထားလျက်ရှိသော"ဆံတော်ရှင်၊ ဆံတော်မြတ်၊မဟာဗောဓိစေတီတော်ဌာပနာ သွင်းမင်္ဂလာ"

အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ဆက်လက်၍"ဆံတော်ရှင်၊ဆံတော်မြတ်၊မဟာဗောဓိစေတီတော်ဌာပနာသွင်းမင်္ဂလာ"အခမ်းအနားအားရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ဘုရား ဒါယကာဦးစိမ်းလှိုင်ဘုရားဒါယိကာမဒေါ်ခင်စန်းရင်မိသားစုမှကြီးမှူးလှူဒါန်းပြီး ရေနံချောင်းမြို့နယ် ရှိ ၇ရက်သားသမီး အများကောင်းမှု စုပေါင်း၍ကျင်းပဆောင်ရွက်ခဲ့ပြီးအဆိုပါ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်ဇနီးတို့တက်ရောက်ခဲ့ပြီး၁၀:၀၀နာရီချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသိရသည်။

news-view-count-icon

30