back

ကရင်ပြည်နယ်၊ဒါရိုးကျေးရွာအနီးရှိ ပြိုကျပျက်စီးသွားတဲ့ တံတားကို ပြန်လည်ပြုပြင်မွမ်းမံ

Feb 16 • 1:46 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊ဒါရိုးကျေးရွာအနီးရှိ ပြိုကျပျက်စီးသွားတဲ့ တံတားကို ပြန်လည်ပြုပြင်မွမ်းမံ

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ ဒါရိုးကျေးရွာအုပ်စု ဒါရိုးကျေးရွာ အနားရှိ လွန်ခဲ့တဲ့နှစ် မိုးရာသီတုန်းက ပြိုကျပျက်စီးသွားတဲ့တံတားကို ပြန်လ...

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ ဒါရိုးကျေးရွာအုပ်စု ဒါရိုးကျေးရွာ အနားရှိ လွန်ခဲ့တဲ့နှစ် မိုးရာသီတုန်းက ပြိုကျပျက်စီးသွားတဲ့တံတားကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။

‎လက်ရှိမှာ သွားလာနိုင်ဖို့ရန်အတွက် ယာယီလမ်းကိုဖောက်လုပ်အသုံးပြုနေပြီး မိုးတွင်းကာလမှာတော့ အဲ့ဒီလမ်းဟာ မော်တော်ယာဥ်များသွားလာရန်ခက်ခဲတဲ့နေရာဖြစ်တာကြောင့် တံတားကိုပြန်လည်ပြုပြင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။‎အဲ့ဒီတံတားပြန်လည်ပြုပြင်မွမ်းမံရာမှာ ကယန်းဒေသတွင်းရှိ ကယန်းပြည်သစ်အမှတ်(၂)ခရိုင် ခရိုင်ဥက္ကဌ ၊ အမှတ်(၃)မြို့နယ် မြို့နယ် ဥက္ကဌ ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ဖြစ်တဲ့ ဒိုင်နယ်အဖွဲ့များနဲ့ အမှတ်(၃)မြို့နယ်ရဲဘော်တွေဟာ အဆင့်လိုက်တာဝန်များခွဲဝေကာ ပြန်လည်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

news-view-count-icon

38