ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူဟာ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန(DDC) က ထုတ်ပြန်ပါတယ်။လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်းတွေ နေထိုင်တာများတဲ့ ကရင်ပြည်နယ်တစ်ဖက်ခြမ်းက တာ့ခ်ခရိုင်ထဲက ရပ်ကွက် ၆ ခုအပါအဝင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုရှိတဲ့ နယ်မြေတချို့ကို ကူးစက် ရောဂါဇုန်အဖြစ် ထိုင်းရောဂါ ထိန်းချုပ်ရေးဌာနက သတ်မှတ်ထားပါတယ်။မြန်မာအမျိုးသားကို ကိုက်ခဲ့တဲ့ခွေးကိုတော့ ရှာမတွေ့တာကြောင့် ခွေးရူးပြန်ရောဂါရှိတဲ့တိရစ္ဆာန်ဟုတ် မဟုတ် မသိရဘူးလို့ သူက ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းနိုင်ငံ ချွန်ဘူရီ၊ တာ့ခ်၊ ဆီဆာခတ်၊ ရတ်ချဆီမား၊ ချာချင်ဆောင်နဲ့ ရယောင်းခရိုင်တွေမှာ လူ ၇ ဦး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
| 30 | 0 | 0 | 0 |


