back

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ တည်ဆောက်နေ

Feb 16 • 1:47 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ တည်ဆောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်၊ ကျောက်ကာလမ်းဘေးမှာ အရင်ကမရှိသေးတဲ့ မော်တော်ယာဥ် ရောင်းဝယ်ရေးစင်တာ တည်ဆောက်နေပြီး အဲဒီနေရာမှာ လုပ်ငန်းရှင် ၄၁ ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်၊ ကျောက်ကာလမ်းဘေးမှာ အရင်ကမရှိသေးတဲ့ မော်တော်ယာဥ် ရောင်းဝယ်ရေးစင်တာ တည်ဆောက်နေပြီး အဲဒီနေရာမှာ လုပ်ငန်းရှင် ၄၁ ယောက်ကို နေရာချထားပေးသွားမှာ ဖြစ်တယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

အဲဒီစင်တာကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာမှာ ဆိုင်ခန်း(၄၁)ခန်းပါရှိမှာ ဖြစ်ပါတယ်။ ဆိုင်ခန်းငှားရမ်းအသုံးပြုဖို့ လာ ရောက်လျှောက်ထားသူ (၇၁)ယောက်ရှိနေပြီး အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်မဲ့ လုပ်ငန်းရှင်(၄၁)ယောက်ကို စိစစ်ရွေးချယ်သွားမှာဖြစ်တယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ပြောပါတယ်။အဲဒီ မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာမှာ ပြုပြင်ထိမ်းသိမ်းတဲ့ဌာနတွေ၊ ရေဆေးရုံ၊မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ပစ္စည်းအရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တန်းတွေ၊ အလှပြင်ဆိုင်နဲ့ဆံသဆိုင်တွေကို ထည့်သွင်း ထားတယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

news-view-count-icon

66