back

ရန်ကုန်မြို့ရှိ YBS များပေါ်တွင် သံဃာတော်များကိုနေရာပေးရန်ဝန်လေးမှု ပိုမိုမြင်တွေ့လာရဟုဆို

Feb 16 • 1:36 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ရှိ YBS များပေါ်တွင် သံဃာတော်များကိုနေရာပေးရန်ဝန်လေးမှု ပိုမိုမြင်တွေ့လာရဟုဆို

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများပေါ်တွင် သံဃာတော်များ ကြွရောက်လာပါက နေရာဖယ်ပေးခြင်းမျိုး မပြုဘဲ မသိကျိုးကျွံပြုမူနေထိုင်ကြသော ခရီးသည်အများအပြ...

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများပေါ်တွင် သံဃာတော်များ ကြွရောက်လာပါက နေရာဖယ်ပေးခြင်းမျိုး မပြုဘဲ မသိကျိုးကျွံပြုမူနေထိုင်ကြသော ခရီးသည်အများအပြားကို ယခုနောက်ပိုင်း မြင်တွေ့မှုများလာကြောင်း ဘတ်စ်ကားစီး ခရီးသည်များကြားမှ သိရှိရသည်။အဆိုပါ ယာဉ်များပေါ်တွင် သံဃာတော်များအတွက် ခုံနေရာသတ်မှတ်ပေးထားခြင်းများရှိပြီး သံဃာ တော် များ စီးနင်းမှုမရှိသည့်အချိန်ခါမျိုးတွင် ခရီးသည်များမှ စီးနင်းလေ့ရှိကြသည်။ ယာဉ်စီးခရီးသည်များပြားကာ ပြည့်သိပ်ကျပ်နေသည့် အချိန်များတွင် ဖယ်ပေးခြင်းမျိုးမပြုဘဲ မသိချင်ယောင်ဆောင်ကာ စီးနင်းနေကြသည့် အခြေအနေမျိုးကို တွေ့ရှိမှုများလာ ခြင်းလည်းဖြစ်သည်။ထိုသို့ကြည်ညိုလေးစားမှုအားနည်းခြင်းမှာ ဘတ်စ်ကားလိုင်းအချို့ပေါ်တွင် စာအိတ်များပေးဝေ၍ အလှူ ခံခြင်းမျိုး ပြုလုပ်မှုများရှိခြင်း၊ အများပြည်သူအပန်းဖြေရာပန်းခြံများနှင့် ၁၉ လမ်းကဲ့သို့သော လူစည်ကားရာ နေ ရာများတွင် အတင်းလိုက်လံအလှူခံခြင်း၊ ယမကာများကိုအဓိကထားကာရောင်းချနေသော စားသောက်ဆိုင်များ အတွင်း လိုက်လံအလှူခံခြင်းအပါအဝင် ဖိနပ်ပျက်၍ဟုဆိုကာ ရန်ကုန်မြို့လယ်တစ်ဝိုက်တွင် လိုက်လံအလှူခံ ခြင်းများကို ကြုံလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။

news-view-count-icon

22