back

စင်ကာပူ Little India က နာမည်ကြီး Bak Kwa ဆိုင် မီးလောင်မှုဖြစ်ပွားပြီး တရုတ်နှစ်သစ်ကူး Order 400 ခန့် ရနိုင်တော့မည် မဟုတ်ဟုဆို

Feb 16 • 1:37 AM

breaking-news

Singapore

Local News

cover

စင်ကာပူ Little India က နာမည်ကြီး Bak Kwa ဆိုင် မီးလောင်မှုဖြစ်ပွားပြီး တရုတ်နှစ်သစ်ကူး Order 400 ခန့် ရနိုင်တော့မည် မဟုတ်ဟုဆို

စင်ကာပူနိုင်ငံ၊ Little India အရပ်ရှိ Dunlop Street မှာ တည်ရှိတဲ့ Century Bakkwa အသားကင်ဆိုင်မှာ တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်ခင် ၂ ရက်အလို ဖေဖော်ဝါရီလ ၁၅ ရက်နေ့...

စင်ကာပူနိုင်ငံ၊ Little India အရပ်ရှိ Dunlop Street မှာ တည်ရှိတဲ့ Century Bakkwa အသားကင်ဆိုင်မှာ တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်ခင် ၂ ရက်အလို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စင်ကာပူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ဟာ မနက် ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ အဆိုပါဆိုင်ရဲ့ မီးခိုးစုပ်ထုတ်တဲ့ပိုက် (Kitchen exhaust ducting) ကနေ မီးလောင်နေကြောင်း သတင်းရရှိခဲ့တာပါ။ ဆိုင်အတွင်းမှာ မီးသွေး ကီလို ၅၀၀ လောက် ရှိနေတာကြောင့် စိုးရိမ်စရာ ဖြစ်ခဲ့ပေမဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရေပိုက်တွေ အသုံးပြုပြီး အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ဒီဖြစ်စဉ်အတွင်းမှာ ဆိုင်ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တစ်ဦးကတော့ မီးခိုးမွှန်ပြီး အသက်ရှူရ ခက်ခဲခဲ့တာဖြစ်သလို၊ နောက်တစ်ဦးကတော့ မီးသွေးမီးဖိုက သံဆကာကို ဆွဲဖယ်ဖို့ ကြိုးစားရင်း လက်မှာ မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သတိရှိနေတဲ့ အခြေအနေမှာပဲ ရှိနေကြပြီး ဆေးရုံတက်ဖို့တော့ ငြင်းဆန်ခဲ့ကြပါတယ်။ ဆိုင်ရှင်ဖြစ်သူ Ms Simbian Chua ရဲ့ ပြောပြချက်အရ မီးလောင်မှုကြောင့် ဒေါ်လာ ၁ သိန်းခန့် တန်ဖိုးရှိတဲ့ အော်ဒါ ၄၀၀ ကျော်ကို ဝယ်ယူသူတွေထံ ပေးပို့နိုင်တော့မှာ မဟုတ်ဘဲ ငွေပြန်အမ်းတာတွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

news-view-count-icon

11