ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က ဖီအိုရင်းတီးနားအသင်းကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ အနီကတ်ပြခံရတဲ့ တိုက်စစ်မှူး မိုရာတာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။မိုရာတာ(၃၃ မိနစ်)ဟာ အခုပွဲမှာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့တာဖြစ်တယ်။ဒါပေမဲ့ ၈၈ မိနစ်မှာ ဖီအိုရင်တီးနားဂိုးသမား မန်ဒရာဂေါ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့လို့ အဝါကတ် ပြသခံရပြီး တစ်မိနစ်အကြာမှာပွန်ဂရာချစ်ကို ပြစ်ဒဏ်ကျူးလွန်လို့ ဒုတိယအဝါကတ်ပြသခံရကာ ထုတ်ပယ်ခံခဲ့ရပါတယ်။ကိုမိုအသင်းဟာ နှစ်ဂိုးအရှုံးကနေ လိုက်ကစားခဲ့ရပေမဲ့ Own Goal တစ်ဂိုး ပြန်ရခဲ့လို့ ၁-၂ ဂိုးဖြစ်နေချိန် သရေမျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပါတယ်။နွေရာသီက အေစီမီလန်ကနေ အငှားပြောင်းရွှေ့လာတဲ့ မိုရာတာဟာ အခုရာသီ ၁၈ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားခဲ့ပါတယ်။ဖာဘရီဂတ်စ်နဲ့ မိုရာတာတို့ဟာ ချယ်လ်ဆီးအသင်းမှာ နှစ်နှစ်ကြာ အတူတွဲကစားဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ပါတယ်။
Feb 16 • 1:34 AM
Myanmar
International
Share
| 28 | 0 | 0 | 0 |


