မွန်အမျိုးသားပညာရေးဌာန၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၃၅ ဦးတို့ ကိုယ်တိုင်တက်ရောက်၍ ဘွဲ့လက်မှတ်ချီးမြှင်ခံခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် အထင်ကရ မွန်သံဃာတော်များ၊ မွန်ခေါင်းဆောင်များ၊ ဌာနမှုးများ၊ Bop Htaw ကျောင်းတာဝန်ရှိသူများ၊ မွန်အမျိုးသားကောလိပ် ကျောင်းအုပ်၊ မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများ၊ ဘွဲ့ရမောင်မယ် ကျောင်းသားကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့သည်။



