ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ပူဇော်ခံဆရာကြီး/ ဆရာမကြီးများ၊ နည်းပြများ နှင့် ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက “အာစရိယဂုဏောအနန္တော” သီချင်းဖြင့် အဖွင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြတ်ဆရာပူဇော်ပွဲအတွက် ချီးမြှင့်ငွေများပေးအပ်ရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးက ပူဇော်ခံဆရာကြီး/ ဆရာမကြီးများအတွက် အလှူငွေများနှင့် ပြည်နယ်အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူးက ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကိုယ်စားလှယ် များက အသီးသီး လက်ခံရယူခဲ့သည်။



