back

ရန်ကုန်မြို့ စဉ့်အိုးတန်းလမ်း၌ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ခြင်္သေ့၊ နဂါးအက ပြိုင်ပွဲကို ၃ ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်

Feb 16 • 1:23 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ စဉ့်အိုးတန်းလမ်း၌ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ခြင်္သေ့၊ နဂါးအက ပြိုင်ပွဲကို ၃ ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်

၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ခြင်္သေ့ တိုင်တက်အကနှင့် နဂါး အကပြိုင်ပွဲကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်း၌ ဖေဖော်ဝါရီ ၁၈ ရက...

၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ခြင်္သေ့ တိုင်တက်အကနှင့် နဂါး အကပြိုင်ပွဲကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်း၌ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခြင်္သေ့၊ နဂါးအဖွဲ့ချုပ် ဥက္ကဋ္ဌ ထံမှ သိရပါတယ်။ယခု ၂၀၂၆ ခုနှစ်အတွက် ကျရောက်မည့် တရုတ်နှစ်သစ်ကူးနေ့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၇ နာရီအချိန်မှာ တရုတ်လူမျိုးများရဲ့ နှစ်သစ်ကူးပွဲတော် ရိုးရာအစဉ်အလာအတိုင်း လူကြီး၊ မိဘ၊ ဘိုးဘွားများကို လှည့်လည် ကန်တော့ခြင်းနှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တရုတ်နှစ်သစ်ကူးနေ့)မှာ တရုတ်ဘုရားကျောင်းများ၌ ဆုတောင်းကုသိုလ်ပြုတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ၎င်းထံမှ သိရပါတယ်။

news-view-count-icon

89