back

ရန်ကုန်တွင် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်အခမ်းအနား ကျင်းပ

Feb 16 • 1:21 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တွင် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်အခမ်းအနား ကျင်းပ

ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အခ...

ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အခမ်းအနားတွင် ဖျော်ဖြေရေးအဖွဲ့များ၏ တစ်ဖွဲ့ချင်းစီအလိုက် ဂါရဝပြုကပြဖျော်ဖြေခြင်း၊ ခြင်္သေ့ထိုင်အက၊ တရုတ်ရိုးရာ ကြက်တောင်ရိုက်ခြင်းနှင့် မြန်မာ့ရိုးရာတစ်ပင်တိုင် ခြင်းလုံးခတ်သရုပ်ပြဖျော်ဖြေခြင်း၊ နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခြင်း၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဧည့်သည်တော်များမှ တရုတ်ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ လက်မှုပညာပြခန်းများ၊ တိုင်းရင်းဆေးဝါး ပြခန်းများ၊ တရုတ်ရိုးရာအစားအစာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

news-view-count-icon

52