back

မရမ်းကုန်းမြို့နယ်မီးလောင်မှုတွင်ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့်အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့

Feb 15 • 4:58 PM

breaking-news

Myanmar

Yangon

cover

မရမ်းကုန်းမြို့နယ်မီးလောင်မှုတွင်ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့်အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့

၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။အပေါ်ထပ်ကနေ...

၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကုန်မာဆိုင် ဖြစ်တာကြောင့် ဒုစရိုက်သမားရန်ကို ကြောက်လို့ ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့် အလွယ်တကူ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။နောက်ဖေးခန်းကလည်း အလွယ်တကူ ထွက်လို့ မရတာကြောင့် ကွယ်လွန်သူ ညီအစ်မ ၂ ဦးဟာ နောက်ဖေးခန်းမှာ ဖက်လျက်လေး မီးလောင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ သော့ကိုးလုံး ခတ်ထားတဲ့ တံခါးကို ပုဆိန်များဖြင့် ဖျက်ထုတ်ခဲ့ရပြီး နောက်ဖေးခန်းမှာ ဖက်လျက် ကွယ်လွန်နေတဲ့ ညီအစ်မ ၂ ဦးကို မနည်းဖြည်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။



news-view-count-icon

33