back

ပင်လယ်ပြင်တွင် မုန်တိုင်းမိပြီး ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား (၅)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

Feb 15 • 3:58 PM

breaking-news

Myanmar

Local

cover

ပင်လယ်ပြင်တွင် မုန်တိုင်းမိပြီး ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား (၅)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

ပင်လယ်ပြင်အတွင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား(၅)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ...

ပင်လယ်ပြင်အတွင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား(၅)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ မြန်မာရေလုပ်သား (၅)ဦးမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်တွင် မုန်တိုင်းမိ၍ အိန္ဒိယနိုင်ငံ၊ Trichy မြို့ရှိ Special Camp တွင် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။အဆိုပါ မြန်မာရေလုပ်သား(၅)ဦးကို ၂၀၂၆ ခုနှစ် ဖေဖော် ဝါရီလ (၁၄) ရက်၊ ဒေသစံတော်ချိန် နံနက် (၉)နာရီ (၃၉) မိနစ်အချိန်၌ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ မြန်မာအပြည်ပြည်ဆိုင်ရာလေ ကြောင်း(MAI)၏ ပျံသန်းစဉ်အမှတ်၊ 8M-631ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


news-view-count-icon

27