နာမည်ကြီး ရုပ်ရှင်ဇာတ်ကာများဖြင့် ရုပ်ရှင်ဓာတ်ပုံအက ယ်ဒမီဆုများရရှိခဲ့သည့် ဓာတ်ပုံပညာရှင် ဦးသန်းညွန့်(ပန်းသာ) မှာ ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ ၎င်း၏ ဈာပနကို မနက်ဖြန် ဖေဖော်ဝါရီ (၁၆)ရက် ၌ ရန်ကုန်မြို့ရေဝေးသုဿန်တွင် သဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။၎င်းသည် ၁၉၉၃ခုနှစ်၌ "မြစ်တို့၏ မာယာ"၊ ၁၉၉၅ ခုနှစ်၌ "ပုဂံမှာ သာတဲ့လ"၊ ၁၉၉၈ ခုနှစ်၌ "ညမင်းသား"၊၂၀၀၀ပြည့်နှစ်၌ "မောင့်မူပိုင်ရှင်"၊၂၀၀၆ ခုနှစ်၌ "ပန်းပျိုးသူတို့ အလင်္ကာ" ၊၂၀၀၈ ခုနှစ်၌ "ကြိုးတန်း" ဇာတ်ကားတို့ဖြင့်အကယ် ဒမီဆု ( ၆)ဆုရရှိထားသူဖြစ်သည်။ဆရာ ဦးသန့်းညွှန့်သည် လေဖြတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းခြောက်ရောဂါဝေဒနာများ ခံစားနေရသူဖြစ်ကာ ရန်ကုန်မြို့ရှိ သူ၏နေအိမ်၌ပင် ကွယ်လွန်ခဲ့ပြီး၊ ကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။



