back

ခွေးကိုက်ခံရသည့် ကိုရင်လေး တောင်ကြီးဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ

Feb 15 • 1:36 PM

breaking-news

Myanmar

Shan

cover

ခွေးကိုက်ခံရသည့် ကိုရင်လေး တောင်ကြီးဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားမြို့နယ်တွင်ပြီးခဲ့သည် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် အဆိုပါ ကိုရင်လေးမှာ ဆွမ်းချိုင့်သွားယူစဉ် ခွေးကိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားမြို့နယ်တွင်ပြီးခဲ့သည် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် အဆိုပါ ကိုရင်လေးမှာ ဆွမ်းချိုင့်သွားယူစဉ် ခွေးကိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရပြီး ယနေ့ ဖေဖော်ဝါရီလ (၁၅)နေ့အထိစဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်းသိရသည်။ခွေးရူးပြန်ရောဂါသည် အချိန်မီ ကုသမှုမခံယူပါက အသက်အန္တရာယ် ဖြစ်နိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။မကြာသေးမီကလည်း ထိုင်းနိုင်ငံ တွင် မြန်မာနိုင်ငံသားတစ်ဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ထားသဖြင့် ပြည်သူများအနေဖြင့် ခွေးကိုက်ခံရပါက လျစ်လျူမရှုဘဲ ဆေးကုသမှုခံယူကြရန် လိုအပ်ကြောင်း ကျန်းမာရေးပိုင်းက အကြံပြုထားသည်။







news-view-count-icon

33