back

တီမောလက်စ်တေ သံရုံး ယာယီတာဝန်ခံ ကို မြန်မာနိုင်ငံက နေ (၇)ရက်အတွင်းထွက်ခွာခိုင်း

Feb 15 • 3:55 PM

breaking-news

Myanmar

Local

breaking-news
cover

တီမောလက်စ်တေ သံရုံး ယာယီတာဝန်ခံ ကို မြန်မာနိုင်ငံက နေ (၇)ရက်အတွင်းထွက်ခွာခိုင်း

တီမောလက်စ်တေ သမ္မတ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေသည့်အတွက်ကြောင့် ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံး တာဝန်ခံ အနေဖြင့် ဖေဖေါ်ဝ...

တီမောလက်စ်တေ သမ္မတ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေသည့်အတွက်ကြောင့် ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံး တာဝန်ခံ အနေဖြင့် ဖေဖေါ်ဝါရီ ၂၀ ရက် မတိုင်ခင် မြန်မာနိုင်ငံမှ ထွက်ခွာသွား ရန် နိုင်ငံခြားရေးဝန်ကြီးဌာန က အသိပေးအကြောင်းထားကြောင်း ယနေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံး တာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီဆော်ဆာ ကို သံတမန်ဆက်ဆံရေး နှင့် စပ်လျဉ်းသည့် ဗီယင်နာ ကွန်ဗင်းရှင်း ၁၉၆၁ အပိုဒ် ၉ နှင့်အညီ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ က ဆင့်ခေါ်၍ အသိပေးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ထိုပြင် တီမောလက်စ်တေသမ္မတ သည် မြန်မာတပ်မတော်အရာရှိကြီးအချို့ အပေါ် တရားစွဲဆိုသည့် ချင်းလူအခွင့်ရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ဇန်နဝါရီ ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင့်နေသည့် တရားမဝင်အဖွဲ့စည်းတစ်ခု နှင့် ထိတွေ့ဆက်ဆံခြင်းသည့် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


news-view-count-icon

80