ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ နမ့်ပန်တက်ကျေးရွာနှင့် ပြည်ညောင်ကျေးရွာအကြား ကလောအတက်လမ်းပိုင်းတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဘုရားဖူးခရီးစဉ်ဖြင့် လာရောက်သည့် မှန်လုံခရီးသည်တင်ယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ယာဉ်သည် ဆီဘောက်ဆာယာဉ်တစ်စီးအား ရှောင်တိမ်းစဉ် ဖြစ်ပွားခဲ့သည်ဟု ဆိုသော်လည်း အချို့ခရီးသည်များ၏ ပြောကြားချက်တွင် ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်းလည်း ထောက်ပြ ပြောဆိုထားသည်။အဆိုပါ မတော်တဆမှုကြောင့် ခရီးသည်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။



