back

အေးသာယာ ကားကြီးကွင်းရှေ့တွင် ဓါးခုတ်မှု ဖြစ်ပွား

Feb 15 • 1:32 PM

breaking-news

Myanmar

Shan

cover

အေးသာယာ ကားကြီးကွင်းရှေ့တွင် ဓါးခုတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ခရီးသည်တင်ကားကြီးကွင်းရှေ့ လမ်းမပေါ် တွင် ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲ ခန့်က အမျိုးသားတစ်ဦးအား အမ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ခရီးသည်တင်ကားကြီးကွင်းရှေ့ လမ်းမပေါ် တွင် ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲ ခန့်က အမျိုးသားတစ်ဦးအား အမည်မသိ ဆိုင်ကယ်စီးနင်း လာသူ အမျိုးသားတစ်ဦးက နောက်မှ ဓါးဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါးခုတ်ခံရသူမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဓါးခုတ်ခံရမှုကြောင့် ယာဘက်ပါး ၆ လက်မခန့် ပေါက်ပြဲဒဏ်ရာ စိုးရိမ်ဖွယ် ရရှိခဲ့ပြီး ၎င်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။သို့ဖြစ်၍ အဆိုပါ ဓါးခုတ်မှု ကျူးလွန်သူအား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




news-view-count-icon

22