ဝေးလံခေါင်သီသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် နှာတံပါးသော ရေချိုမိကျောင်းနှစ်ကောင်ကို ဆယ်စုနှစ်များစွာအတွင်း ပထမ ဆုံးအကြိမ်အဖြစ် မကြာသေးမီကတွေ့ရှိခဲ့ကြောင်း အမျိုးသားဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များထိန်းသိမ်းရေးဌာနက သတင်းထုတ်ပြန်သည်။ညွှန်ကြားရေးမှူး ဆူခီး ဘွန်းဆန်က ဂါရီရယ်နှစ်ကောင်သည် အရွယ်အစားအမျိုးမျိုးရှိပြီး ဇန်နဝါရီလတွင် တောင်ပိုင်းနယ်စပ်ပြည်နယ် နာရသီဝါ့ဒ်တွင် သဘာဝအတိုင်းတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ရှားပါးတွားသွားသတ္တဝါ များကို ထိုင်းဘာသာဖြင့် တက်ခ်ဟွန်းဟု လူသိများသည်။



