နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ လွှဲကြီးကျေးရွာရှိ နေအိမ်တစ်လုံးတွင် တစ်ဦးတည်း အိမ်ငှားနေထိုင်ကာ ဆေးကုသနေသည့် ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း သေဆုံးပုတ်ပွနေသည်ကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအသင်းထံမှ သိရသည်။သေဆုံးသူမှာ အသက် ၃၈ နှစ်ခန့်အရွယ် အမျိုးသမီးဖြစ်သည်ဟု သိရပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်ရာပေါ်၌ သေဆုံးပုပ်ပွနေသည်ကို တွေ့ရှိရသလို အဆိုပါ အမျိုးသမီးဆီတွင် ရွေတိုရွှေစ အနည်းငယ် ဝတ်ဆင်ထားသည်ကိုလည်း တွေ့ရှိရသဖြင့် စနစ်တကျ ချွတ်ယူကာ တာဝန်ရှိသူများထံ အပ်နှံပေးထားသည်ဟု သိရသည်။



