မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ရေထိန်းတံခါးအောက်တွင် ပိတ်ဆို့နေသည့် သဲနုန်း ပြသနာကို အချိန်မီ တူးဖော် ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဒေသခံတောင်သူများ၏ ပြောပြချင်အရ သိရသည်။ပင်လယ်ရေတက်ဖြင့် ပါလာသည့် သဲနုန်း များသည့် ရင်းငြိမ်ရေထိန်းတံခါး ၏အောက်ဘက်၌ ၁၅ ပေအထိ ပိတ်ဆို့နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ထို့ကြောင့် လာမည့် တပေါင်းလပြည့်နေ့တွင် ရေတက်ပါက ပါလာမည့် သဲနုန်းနယ်များ ထပ်မံ ပိတ်ဆို့ ရောက်ရှိလာနိုင်သည်ဟု ဆိုသည်။



